ရမည်းသင်း မေ ၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာဦးစီးဌာန ကြီးမှူး၍ ခရိုင်အဆင့် လူရည်ချွန် ပြိုင်ပွဲ ရမည်းသင်း ခရိုင် လူရည်ချွန် ရွေးချယ်ခံခဲ့ရသည့် လူရည်ချွန်မောင်မယ်များအား နိုင်ငံတော်မှ လေ့လာရေးခရီး ပို့ဆောင်ပေးခဲ့ပြီး မေလ ၂ ရက် နံနက် ၁၀ နာရီ၌ မိမိနေရပ်သို့ အပြန်ခရီးတွင် ရမည်းသင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ၌ ဌာနဆိုင်ရာများ၊ လူမှုရေအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ပန်းကုံးများ၊ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ရမည်းသင်း ခရိုင်ကိုယ်စားပြု လူရည်ချွန် ရွေးချယ်ခံရသည့် အမှတ်(၅)၊ မြို့မအခြေခံပညာအထက်တန်းကျောင်း Grade-10 မောင်ကျော်ဇင်သိုက်ထွန်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း Grade-10 မဖြိုးဖြိုးသွယ်၊ Grade-9 မောင်ကြယ်စင်သွေးနှင့် Grade-9 မအိန့်ဆောင်းရည်ယွန်းတို့ကို ဂုဏ်ပြုကိုဆိုခဲ့ကြသည်။
အဆိုပါ ဂုဏ်ပြုကြိုဆိုရာတွင် ရမည်းသင်းခရိုင် ပညာရေးမှူး ဒေါ်ခင်မာမာအေးနှင့် ခရိုင်/ မြိုနယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်ဉ္ဇူမြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများမှ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)