တွံတေး ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၁၅၀)၊ ဦးပိုင်အမှတ် (၉/၃)၊ တောင်သူ ဦးမင်းဟန်၏ ဧရိယာ(၄.၉၂)ဧကအတွင်း တိုက်ရိုက်မျိုးစေ့ချ ကိရိယာ(Seeder)ဖြင့် မိုးစပါးစိုက်ပျိုးမှု သရုပ်ပြပွဲအား ယမန်နေ့နံနက် (၉)နာရီက တောင်သူဦးမင်းဟန်၏ လယ်မြေဧရိယာ (၄.၉၂)ဧက၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူးတို့မှ မျိုးစေ့ချကိရိယာ (seeder) ဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် (၂၀၂၄-၂၀၂၅) ခုနှစ်၊ မိုးစပါးစိုက်ပျိုး ရာသီချိန်တွင် စိုက်နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးနိုင်စေရေး၊ အထွက်နှုန်းတိုးတက်စေရေးအတွက် မိုးစပါးစိုက်ဧကများအား တိုက်ရိုက်မျိုးစေ့ချ ကိရိယာ(Seeder)ဖြင့် စိုက်ပျိုးဆောင်ရွက်နိုင်ရန်နှင့် ကားလမ်းဘေးဝဲယာရှိ မိုးစပါးစိုက်ဧကများအပေါ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးဆောင်ရွက်သွားရန်နှင့် ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ စုစုပေါင်းအင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တွံတေးသား(ပြန်/ဆက်)