မိုးညို မေ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပတ္တော်ကျေးရွာအုပ်စု၊ အ.ထ.က(ပတ္တော်)မှလူရည်ချွန်ကျောင်းသူမအိအိငြိမ်းသည် ငွေဆောင်မြို့၊ လူရည်ချွန်စခန်း(ငွေဆောင်)မှ ဒေသန္တရဗဟုသုတများအားလေ့လာခဲ့ပြီး မိုးညိုမြို့နယ်သို့ ယမန်နေ့ ညနေ ၃ နာရီခွဲက ပြန်လည်ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကြည်လင်နှင့် ဆရာကြီး/ဆရာမကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာနေပြည်သူများက ကြိုဆိုခဲ့ကြသည်။
ထို့နောက် လူရည်ချွန်ကျောင်းသူ မအိအိငြိမ်းအား ဂုဏ်ပြုပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် မြို့နယ်ပညာရေးမှူး ဦးကြည်လင်တို့ကဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်၍ ဂုဏ်ပြုဆုများကိုချီးမြှင့်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ မြို့နယ်ပညာရေးမှူး ဦးကြည်လင်နှင့် ဌာနဆိုင်ရာများကိုယ်စား မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်သက်သက်မာတို့က ဂုဏ်ပြုဆုများချီးမြင့်ခဲ့ပြီး လူရည်ချွန်ကျောင်းသူ မအိအိငြိမ်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
လူရည်ချွန်ကျောင်းသူ မအိအိငြိမ်းသည် မိုးညိုမြို့နယ်၊ မြစ်သာကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ပတ္တော်ကျေးရွာရှိ အ.ထ.က(ပတ္တော်)ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသူဖြစ်ကြောင်း၊ ငယ်စဉ်ကပင်ပညာရေးကောင်းမွန်သူဖြစ်ပြီး အတန်းအလိုက်နှစ်စဉ် ပညာရည်ချွန်ဆုများ ချီးမြှင့်ခြင်းခံရသူဖြစ်ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)