အမြို့မြို့အနယ်နယ်သတင်းများ

May 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ကိုယ်စားပြုလူ ရည်ချွန်မောင်မယ်(၇)ဦးအားကြိုဆို ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၁နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မဟာဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
May 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်း ဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီက ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
May 03,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မြိတ်တောင်ရပ်ကွက် မြို့မ(၁)ရပ်ရှိ အ.ထ.က(ခွဲ) အ.လ.က (၁၀) စာသင်ကျောင်းတွင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့သည်။
May 03,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံးတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
May 03,2024
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဝမ်းစာဖူလုံရေးနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းစီမံကိန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့သည် ဧပြီ ၃၀ ရက် နံနက် ပူတာအိုမြို့နယ် အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
May 03,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီ ၃ဝမိနစ်ခန့်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်ကျေးရွာအုပ်စုများတွင် လူနေအိမ် ၄၇ အိမ်နှင့် စာသင်ကျောင်း ၃ ကျောင်း အမိုးလန် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် အမှတ်(၁၂)ရပ်ကွက်တွင် ဧပြီလ ၂၉ ရက်နေ့တွင် မီးလောင်မှုကြောင့် အိမ်ထောင်စု (၂၆)စု လူဦးရေစုစုပေါင်း (၁၁၂)ဦးအား‌ မဇ္ဈိမသုခလမ်းရှိ ရွှေပြည်သာရွာမဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။ ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။