Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘီးလင်းမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူ နေထိုင်ရေးစီမံကိန်းအသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်…
May 08,2024
ယနေ့ မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်ရေးကော်မတီနှင့် ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းပြုလုပ်သော အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ရေး စီမံကိန်းအသိပညာပေး လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ သော်ကမြောင်ပရဟိတဂေဟာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်ခရိုင် ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းရာသီအတွက် (ပထမ) အကြိမ် အင်းလေလံနှင့် ပိုက်ချက်တင်ဒါရောင်းချပွဲကျင်းပ
May 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းရာသီအတွက် (ပထမ) အကြိမ် အင်းလေလံနှင့်ပိုက်ချက်တင်ဒါရောင်းချပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ တစ်နိုင်တစ်ပိုင် ကျွဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်
May 08,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ တိရစ္ဆာန်များအတွက် အစာစရိတ်သက်သာပြီး လယ်ယာလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုသည့် ကျွဲများကိုလည်း တစ်ပိုင်တစ်နိုင် မွေးမြူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးဝမြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ
May 08,2024
စစ်ကိုင်းတိုင်းဒေသကြီးကလေးဝမြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၌ အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
May 08,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ စီးရေလာကောင်းမွန်စေရေးအတွက် အမှတ်(၂)ရပ်ကွက် စံပယ်လမ်းပေါ်ရှိ လမ်းဘေးဝဲယာအား အုတ်စီရေမြောင်းတည်ဆောက်ခြင်းကို မေလ ၆ ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
May 08,2024
မန္တလေးတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ကော်မတီ၊ တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစာရေးလုပ်ငန်းကော်မတီ၏ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် တိုင်းလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း
May 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများ ဖော်ထုတ် ရှင်းလင်းခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်
May 08,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေ ဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင် များနှင့်ပူးပေါင်း၍ စာရေးဆရာ သက်လုံ၏ “ တတိယနားဖြင့်နားထောင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9027
Page
9028
Page
9029
Page
9030
Current page
9031
Page
9032
Page
9033
Page
9034
Page
9035
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department