အမြို့မြို့အနယ်နယ်သတင်းများ

May 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှာရမ်းပေးခဲ့ကြောင်း သိရသည်။
May 09,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အသက်အုပ်စုအလိုက် ကျန်းမာရေး အသိပညာပေးဟောပြောပွဲများနှင့် ကျန်းမာသော လူမှုဘဝပုံစံဖြင့် နေထိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ပြုလုပ်ခဲ့သည်။
May 08,2024
ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်မှ ဦးစီးကျင်းပသော မေလ(၈)ရက် ကမ္ဘာကြက်ခြေနီနေ့ ဂုဏ်ပြုသည့် အခမ်းအနားကို ယနေ့ နံနက်(၇)နာရီက ငါးသိုင်းချောင်းမြို့ အမျိုးသားခန်းမတွင် ကျင်းပခဲ့သည်။
May 08,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မဏိစည်သူဈေးနှင့်ရပ်ကွက်များအတွင်း ရောင်းချလျှက်ရှိသည့် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်များပြတ်လပ်မှုရှိ/မရှိ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
May 08,2024
ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးတို့အတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်စန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ငပုတောမြို့မဈေးအတွင်း ရောင်းချလျက်ရှိသူ အခြေခံစားသောက်ကုန်ပစ္စည်းများအား ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့သည်။
May 08,2024
၂၀၂၄ ခုနှစ် မေလ(၈)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် "ကမ္ဘာ့ကြက်ခြေနီနေ့" အခမ်းအနားကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အောက်ပိုင်း၌ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
May 08,2024
ကရင်ပြည်နယ်အတွင်း ယခုနှစ်နွေရာသီတွင် နွေစပါး(၁၁၃၈၈၀)ဧက စိုက်ပျိုးရန်လျာထားပြီး (၁၁၃၉၆၇)ဧက စိုက်ပျိုးပြီးစီးခဲ့ရာ လျာထားဧကထက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးလုပ်ကိုင်နိုင်ခဲ့ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ ရေကျော်(မကျီးကျွန်း)ကျေးရွာအုပ်စုရှိ အောင်မြင်ဖြစ်ထွန်းနေသော နွေစပါးစိုက်ခင်းများအား ကြည့်ရှုအားပေးပြီး စွမ်းအားပြည့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။