ကလေးဝမြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ

ကလေးဝ မေ ၈

စစ်ကိုင်းတိုင်းဒေသကြီးကလေးဝမြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရာဇာဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ လက်တွေ့သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီမှူး ဦးမျိုးသိင်္ခက ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များ၊ မီးဘေးအန္တရာယ်၊ အ‌ခြေခံမီးငြှိမ်းသတ်နည်း (၃)နည်း၊ မီး၏ သဘောသဘာဝနှင့် မီးငြှိမ်းသတ်နည်း၊ မီးအတန်းအစားခွဲခြားခြင်း၊ မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရန်အချက်များ၊ မီးဘေးလုံခြုံရေးအတွက် ဝန်ထမ်းများလိုက်နာဆောင်ရွက်ရမည့် အချက်များ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)