ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၌ အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ပိုင်ကျုံ   မေ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ စီးရေလာကောင်းမွန်စေရေးအတွက် အမှတ်(၂)ရပ်ကွက် စံပယ်လမ်း‌ပေါ်ရှိ လမ်းဘေးဝဲယာအား အုတ်စီရေမြောင်းတည်ဆောက်ခြင်းကို မေလ ၆ ရက်နေ့က စတင်အ‌ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင်  ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂-၂၀၂ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ်(၅၉.၂၉)သန်းဖြင့် အရှည် ၁၀၃၃ ပေ၊  အကျယ် ၂ပေ၊ အမြင့် ၃ပေရှိပြီး လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာပြီးစီးနိုင်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများပြီးစီးပါက မြို့သာယာလှပ‌လာမည့်အပြင ရေစီးရေလာကောင်းမွန်လာမည်ဖြစ်ပြီး   ဒေသ‌နေပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အညီ လူနေမှုဘဝနှင့်သွား‌ရေးလာ‌ရေးအတွက် အဆင်ပြေလာမည်ဖြစ်ကြောင်း ပိုင်ကျုံမြို့ အမှတ်()ရပ်ကွက်တွင် အုပ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း (၆)ခု ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)