အမြို့မြို့အနယ်နယ်သတင်းများ

May 09,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ရွာသစ်ကျေးရွာရှိ ပြည်သူများထံ ယမန်နေ့ နေ့လယ်ပိုင်းအချိန်က သောက်သုံးရေဂါလန် (၁၆၀၀) အား ကျေးရွာအရောက် သွားရောက်ပြီး ဖြန့်ဝေလှူဒါန်းသည်။
May 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သောက်သုံးရေများ လိုအပ်လျက်ရှိသော ကျေးရွာများကို သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့ညနေပိုင်းက ရေအေးကျေးရွာတွင် သောက်သုံးရေများ လှူဒါန်းခဲ့သည်။
May 09,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မေလ (၈) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ရှေးဦးသူနာပြုစုနည်းသင်တန်း (၁/၂၀၂၄)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။
May 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့သည်။
May 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
May 09,2024
ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို ဧပြီလ ၂၂ ရက်နေ့မှစတင်၍ ရက်သတ္တပတ် (၅) ပတ် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီက အခြေခံလေကြောင်းလူငယ်သင်တန်းစခန်း(မကွေး)သို့ သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများအား လေကြောင်းသိပ္ပံပညာရပ် သင်ကြားနေမှုကို ကြည့်ရှုအားပေးကာ၊ သင်တန်းခန်းမအတွင်း သင်တန်းသားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
May 09,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို မေလ ၇ ရက်နေ့က အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ သဲအင်းဂူလမ်းရှိ အဆိုပါ အဆောက်အဦသစ်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
May 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ယ‌မန်နေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့သည်။