အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

မန္တလေး မေ ၈

မန္တလေးတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ကော်မတီ၊ တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစာရေးလုပ်ငန်းကော်မတီ၏ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် တိုင်း‌လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း တိုင်းဒေသကြီးကြီးကြပ်ရေးကော်မတီ၊ တိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုသရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးသက်လှိုင်ထွန်းက ကော်မတီ(၃)ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အသိပညာပေးလုပ်ငန်းများ‌၊ ကလေးနှင့်လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်အရွယ်အလိုက် လက်ခံစောင့်ရှောက်မှုများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများ၊ ကလေးသူငယ်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်မှုများ အစရှိသည့် ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော ကော်မတီ(၃)ရပ်တွင် ပါဝင်သည့် ဌာနဆိုင်ရာများက အသီးသီးပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)