Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရှေးဦးပြုစုနည်းအခြေခံသင်တန်းသင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေး
May 09,2024
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုနည်း အခြေခံသင်တန်းသင်ကြားပို့ချနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်
May 09,2024
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းတွင် ဖွင့်လှစ်မည့် အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းများဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် (၁၃၂ ကေဗွီ) အထက်ကျိုင်းတောင်း-နမ့်စန်မဟာဓာတ်အားလိုင်း စီမံကိန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သတင်းအချက်အလက် ထုတ်ဖော်တင…
May 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Xian(စီအန်) Electric Engineering Co.,Ltd တို့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် (၁၃၂ ကေဗွီ) အထက်ကျိုင်းတောင်း-နမ့်စန်မဟာဓာတ်အားလိုင်း စီမံကိန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ သတင်းအချက်အလက်များ ထုတ်ဖော်တင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်၌ မိုးသက်လေပြင်းကျ၍ ပျက်စီးခဲ့သည့် လေဘေးသင့်နေအိမ်များအား ထောက်ပံ့ငွေများ ပေးအပ်
May 09,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မေလ(၂)ရက်နေ့ ညနေ(၈)နာရီ(၃၅)အချိန်တွင် မိုးသက်လေပြင်းကျရောက်ခဲ့၍ လူနေအိမ်ပေါ်တွင် သစ်ပင်လဲကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည့် လေဘေးသင့်နေအိမ်များအား ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “ဇေယျာအောင်သံ” အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငှက်အော်စမ်းကျေးရွာလူငယ်သင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
May 09,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ငှက်အော်စမ်းကျေးရွာ လူငယ်သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရိုးရာဖွဲ့သီအဆင့်မြင့်ဆေးရေးပန်းချီသင်တန်းဖွင့်လှစ်
May 09,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား/သူ၊ လူငယ်၊ လူရွယ်များ အတတ်ပညာ၊ အသိပညာများတိုးပွားစေရန် နွေရာသီအခမဲ့သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ရိုးရာဖွဲ့သီအဆင့်မြင့်ဆေးရေးပန်းချီသင်တန်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်မြောက်ပိုင်းခရိုင်ရုံးမှ ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များ ငှားရမ်းပေး
May 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများစာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်
May 09,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ယမန်နေ့က ပိုက်ကြီးဝဲကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9014
Page
9015
Page
9016
Page
9017
Current page
9018
Page
9019
Page
9020
Page
9021
Page
9022
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department