အမြို့မြို့အနယ်နယ်သတင်းများ

May 09,2024
၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။
May 09,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကရင်တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများအား ကလေးသူငယ်ဘဝ မိခင်ဘာသာစကားဖွံ့ဖြိုးမှု၊ စာတတ်မြောက်ခြင်း၊ သင်ယူခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
May 09,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ယ‌မန်နေ့က ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းအသိပညာပေး ဟောပြောကြကြောင်း သိရသည်။
May 09,2024
တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်စာပေဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ဇေယျဘုမ္မိဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပသည်။
May 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ‌ နိုင်နိုင်စနေ၏ "မျောလွင့်သွားတဲ့ ရိုးသားဖြောင့်မတ်ခြင်း" စာအုပ်ကို ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
May 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံရေး ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ကျီးအိပ်ကျေးရွာ၌ နိုင်ငံစီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် တောင်သူဦးတင်ဝင်း စိုက်ပျိုးထားသော ဆင်းရွှေကြာ-၂ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
May 09,2024
မန္တလေးတိုင်းဒေသကြီး၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်၉နာရီက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်၊ ပညာပြည့်ဝနှလုံးလှခန်းမတွင် ကျင်းပပြုလုပ်သည်။
May 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်တွင် စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်သည်။