အမြို့မြို့အနယ်နယ်သတင်းများ

May 09,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
May 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လတ်တလောအပူချိန်မြင့်မားမှုကြောင့် သောက်သုံးရေလိုအပ်လျက်ရှိသည့် မြို့နယ်အတွင်း ကျေးရွာ (၅)အုပ်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများမှ မေလ (၈)ရက်နေ့ နေ့လည်ပိုင်းက သောက်သုံးရေများ လိုက်လံဖြန့်ဝေပေးလျက်ရှိသည်။
May 09,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ (Basic on Job Skill Training) ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဥ် (၁/၂၀၂၄) ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျိုက္ခမီမြို့ မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
May 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့သည်။
May 09,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့မဲပေးလေ့လာခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က စည်ပင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 09,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် သောက်သုံးရေများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးသော ကျေးရွာများအရောက်သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဒေါင်းရပ်အနောက်ကျေးရွာ၊ ကွမ်သဲကျေးရွာနှင့်ကမာကေးကျေးရွာတို့တွင် သောက်သုံးရေ ဂါလန် (၆၄၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
May 09,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
May 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၅ လုံးပျက်စီးခဲ့ပြီး သစ်ပင်များ ပြိုလဲခဲ့သည်။