အမြို့မြို့အနယ်နယ်သတင်းများ

May 09,2024
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက်ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  အပတ်စဉ် ကြာသပတေးနေ့တိုင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီက ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ကျင်းပပြုလုပ်ခဲ့သည်။
May 09,2024
“လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး” (Keeping Humanity Alive) ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ်၊ (၇၆)ကြိမ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကို မေလ(၈)ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၇×၇၀ လမ်းထောင့်၊ တိုင်းကျန်းမာရေးရုံးဝင်းအတွင်းရှိ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး သင်တန်းခန်းမတွင် ကျင်းပခဲ့သည်။
May 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် စာအုပ်စာပေများကို လေ့လာဖတ်ရှုရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေချောမွေ့စွာဖြင့် စာပေကို လေ့လာဖတ်ရှုနိုင်ရန်ရည်ရွယ်လျက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ သွားရောက်ပြီး ဝန်ထမ်းနှင့်မိသားစုများအား သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ အခမဲ့ငှားရမ်းဝန်ဆောင်မှု ဆောင်ရွက်ပေးခဲ့ကြသည်။
May 09,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ပြည်သူများ သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိကို မြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အလှကုန်ပစ္စည်းဆိုင်များအား ယမန်နေ့နံနက်၈နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 09,2024
အလုပ်သမားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
May 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ အမှတ်(၁၀) တပ်မတော်တန်းမြင့်သင်တန်းကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းလူငယ်များအား တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိကြရာ ကလေးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။