ရန်ကုန်မြောက်ပိုင်းခရိုင်ရုံးမှ ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များ ငှားရမ်းပေး

ရန်ကုန် မေ ၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများစာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးသည်။

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးရှိ ဝန်ထမ်းများက ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်များငှားရမ်းပေးပြီး ယခင်ငှားရမ်းထားသည့်စာအုပ်များအား ပြန်လည်သိမ်းဆည်းစာရင်းသွင်းခြင်းနှင့် အသစ်ပြန်လည်ငှားရမ်းပေးသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးသည် မြို့နယ်အတွင်းရှိရပ်ကွက်များနှင့်ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် အပတ်စဉ် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)