မိုင်းတုံ မေ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ နိုင်နိုင်စနေ၏ "မျောလွင့်သွားတဲ့ ရိုးသားဖြောင့်မတ်ခြင်း" စာအုပ်ကို ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် မောင်အောင်သိန်းမင်းက ဦးဆောင်၍ "မျောလွင့်သွားတဲ့ ရိုးသားဖြောင့်မတ်ခြင်း" စာအုပ်သည် ခေါင်းစဉ်ငယ်(၃၃)ခုထဲမှ "စာမဖတ်တဲ့လူမျိုး၊ နံရံပေါ်ကကော်ဖီ၊ အရှုံးကိုဝန်ခံတဲ့အရည်အချင်း" စသည့်ခေါင်းစဉ်ငယ်(၃)ခုကို အကျယ်တစ်ဝန်းဆွေးနွေးပြီး၊ အတွေးအမြင်စာစုများဖြင့် ရသစုံလင်စွာပါရှိသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည့်အတွက် ဒီစာအုပ်သည် လူငယ်အများစု လေ့လာဖတ်ရှုသင့်သော အသိပညာဗဟုသုတရစေသည့်အပြင် လူငယ်တို့၏ အနာဂတ်အတွက်အကျိုးရှိစေသည့်စာအုပ် ကောင်းတစ်အုပ်ဖြစ်ကြောင်း အကြံပြုခဲ့သည်။ ဆက်လက်၍ (Book Club) အဖွဲ့ဝင်များက စာရေးဆရာ နိုင်နိုင်စနေ၏ "မျောလွင့်သွားတဲ့ ရိုးသားဖြောင့်မတ်ခြင်း" စာအုပ်မှ ခေါင်းစဉ်(၃၃)ခုထဲမှ ရိုးသားဖြောင့်မတ်ခြင်း၊ လူဘဝရဲ့မမှောင်ည၊ အကျပ်အတည်းနဲ့ရင်ဆိုင်ရချိန်၊ စွဲမြဲခြင်းရဲ့ရလဒ်၊ အောင်မြင်သူတို့ရဲ့ငယ်စဉ်ဘဝ၊ ကိုယ်တိုင်ဖန်ဆင်းယူတဲ့အရာ၊ ဒေါသစိတ်ကို လေနဲ့အတူလွင့်ပါပါစေစသည့် ခေါင်းစဉ်များဖြင့်အပြန်အလှန်ဆွေးနွေးပြီးနောက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်၊ စာစောင်များ ခင်းကျင်းပြသရာ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)