ပခုက္ကူမြို့၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းအသိပညာပေးဟောပြော

ပခုက္ကူ မေ ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ယ‌မန်နေ့က ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းအသိပညာပေး ဟောပြောကြကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောမှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းသူရမြင့် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ပခုက္ကူပညာရေးဒီဂရီကောလိပ်နှင့် နယ်စပ်ဒေ‌သတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပခုက္ကူ)၌ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာကောင်းမွန်သော လူနေမှုဘဝပုံစံ‌အကြောင်း၊ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော‌ရောဂါအကြောင်းတို့ကို ကွင်းဆင်းအသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)