တာချီလိတ်မြို့၌ တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

တာချီလိတ် မေ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်တွင် စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဝမ်ကောင်းရပ်ကွက်ရှိ တာချီလိတ် လူငယ်ပရဟိတဂေဟာ၏ ကလေးသူငယ်များ ပြုစုပျိုးထောင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကလေးသူငယ်များအား အားပေးစကားပြောကြားကာ လိုအပ်ချက်၊ တင်ပြချက်များနှင့်ပတ်သက်၍ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးက လိုအပ်သည်များ ဖြည့်ဆည်းကူညီဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ လူငယ်ပရဟိတဂေဟာတွင် ကျား ၂၁ ဦး၊ မ ၂၆ ဦးတို့ကို ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျာလင်း