Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရေတာရှည်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ပြုလုပ်
May 10,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့တော်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ်၌ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 10,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် စက်မူ၊ နည်းပညာဘာသာရပ်များအတွက် သင်ကြား၊ သင်ယူမ…
May 10,2024
ရန်ကုန်တိုင်းဒေသကြီး ၊ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ စိန်ညီလာခန်းမတွင် ယမန်နေ့ နေ့လယ်(၁:၀၀)အချိန်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့်အမှတ် (၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ စက်မှု၊ နည်းပညာဘာသာရပ်များအတွက် သင်ကြားသင်ယူမှုဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားအားကျင်းပခဲ့ရာ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်၊ ခရိုင်ပညာရေးမှူး၊ ဒေါက်တာ ဒေါ်ခင်သူဇာစိန်၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ အ မှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအုပ်ဦး စောသက်ဇေအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့၏ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စွယ်တော်မြတ် (၂)ဆူအား လှည့်လည်ပူဇော်နိုင်ရေး လ…
May 10,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး (၄၄၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စွယ်တော်မြတ် (၂)ဆူအား စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ (၃)နာရီအချိန်က ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်တွင် သာမဏေကျော်ပထမဆင့်အတန်း ပို့ချပေးလျက်ရှိ
May 10,2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် စိန်ရတနာပရိယတ္တိစာသင်တိုက်တွင် သာမဏေကျော် ပထမဆင့်အတန်းကို ယမန်နေ့က စတင်သင်ကြားပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်
May 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများပါဝင်သည့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဥ်ကျင်းပလျက်ရှိရာ မေလ ၈ ရက်နေ့ နံနက် ၁၁ နာရီက စာရေးဆရာမ ဒဂုံကြည်ဇော်၏” ရင်မှာခံစားရသများ ” ဆောင်းပါးဖြင့် စာပေစကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် "လင်းလက်ကြယ်များတောက်ပဖို့ စာကြည့်တိုက်ဆီ သွားကြစို့" ခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
May 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် သပြေညိုပညာဒါနအကျိုးဆောင်အသင်းမှ ဦးစီးဖွင့်လှစ်ထားသော ပညာဒါနအခမဲ့သင်တန်းမှ သင်တန်းသူ၊ သင်တန်းသားများအား လူငယ်များအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်စွမ်းရည်များပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ သပြေညိုမင်္ဂလာခန်းမ(ထောက်ကြန့်)တွင် "လင်းလက်ကြယ်များတောက်ပဖို့ စာကြည့်တိုက်ဆီသွားကြစို့ "ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်
May 10,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးငြှိမ်းသတ်နည်း အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
8999
Page
9000
Page
9001
Page
9002
Current page
9003
Page
9004
Page
9005
Page
9006
Page
9007
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department