Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်စိုက်ထူ
May 10,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် ပညာရေးဝန်ကြီးဌာန၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံး၊ ပွင့်ဖြူမြို့၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
May 10,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အခြေခံပညာအလယ်တန်းကျောင်း (သင်္ဘောဦး)၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းကို Catch-up နည်းလမ်းဖြင့် ဆောင်ရွက်ပေး
May 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ်ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၄၀)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့ ကတင်ရေးရွာတွင် ဝါသီးနှံဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းပညာပေး ကွင်းသရုပ်ပြပွဲ့နှင့်လက်တွေ့ဆောင်ရွက်
May 10,2024
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဝါသီးနှံဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးဌာန ဒုတိယညွှန်ကြားမှူးနှင့် လက်ထောက်ညွှန်ကြားရေးများ လိုက်ပါလျက် ရမည်းသင်းမြို့ ကတင်ရေးရွာ ကွင်းအမှတ် ၁၀၈၉၊ ဝါသီးနှံစိုက်ဧက (၄၅၁)ဧက၌ ဝါသီးနှံဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး နည်းပညာပေး ကွင်းသရုပ်ပြပွဲ့နှင့်လက်တွေ့ဆောင်ရွက်ပွဲကို ယနေ့နံနက်၉နာရီ၌ ကတင်ကျေးရွာဝါစိုက်ကွင်းသို့ တက်ရောက်အားပေးသည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
May 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ကာလိမြို့၊ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသော မီးမတော်တဆမှုများနှင့် ပတ်သတ်သည့် လုပ်ငန်းများအား ဆောင်ရွက်ပေးလျက် ရှိပြီး ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မှု၊ မီးလှန့်မှု ဖြစ်ပွားပါက မီးသတ်ဆေးဗူးများ (DCP) ဖြင့် လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ နယ်မြေရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဇာတ်တိုက်လေ့ကျင်မှုကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ရာပြည့်ပွဲတော်ကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
May 10,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အမှတ် (၁) အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း) ၏ ရာပြည့်ပွဲတော်ကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၈) နာရီက အမှတ် (၁) အခြေံပညာအထက်တန်းကျောင်း ဧရာခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများ သင်ကြားနေမှုများအား လိုက်လံကြည့်ရှု အားပေး
May 10,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် စာသင်ဝိုင်းများ၏ သင်ကြားနေမှုအခြေအနေများအား ယမန်နေ့ မွန်လွဲပိုင်းအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9000
Page
9001
Page
9002
Page
9003
Current page
9004
Page
9005
Page
9006
Page
9007
Page
9008
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department