ကျောက်မဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

ကျောက်မဲ မေ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးငြှိမ်းသတ်နည်း အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက တက်ရောက်‌ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲတွင် ကျောက်မဲခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦးက  မီးဖိုချောင်အတွင်း ဆီပူအိုးများမှတဆင့် မီး‌လောင်ကျွမ်းခြင်း၊ ဂက်စ်မီးဖိုများမှ ဂက်စ်ပိုက်ပေါက်၍ ရုတ်တရက်မီးလောင်ကျွမ်းခြင်းမျာ  ဖြစ်ပွားပါက အလွယ်တကူမီးငြှိမ်းသတ်နိုင်သည့် နည်းလမ်းများ၊ မီးသတ်ဆေးဘူးသုံးစွဲနည်းများတို့ကို အသေးစိတ်အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

မိုင်းထွန်း(ပြန်/ဆက်)