၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် စက်မူ၊ နည်းပညာဘာသာရပ်များအတွက် သင်ကြား၊ သင်ယူမှုဆိုင်ရာများအား ရှင်းလင်းဆွေးနွေး

သာကေတ မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ စိန်ညီလာခန်းမတွင် ယမန်နေ့ နေ့လယ်(၁:၀၀)အချိန်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့်အမှတ် (၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ စက်မှု၊ နည်းပညာဘာသာရပ်များအတွက် သင်ကြားသင်ယူမှုဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားအားကျင်းပခဲ့ရာ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်၊ ခရိုင်ပညာရေးမှူး၊ ဒေါက်တာ ဒေါ်ခင်သူဇာစိန်၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအုပ်ဦး စောသက်ဇေအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်မှ သာကေတမြို့နယ်တွင် ဖွင့်လှစ်သင်ကြားမည့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် အ​ခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၏ စက်မှု၊ နည်းပညာလမ်းကြောင်းတွင် တက်ရောက်ခွင့်ရရှိမည့် ကျောင်းသား၊ ကျောင်းသူများ၏ သတ်မှတ်ချက်မူများ၊ လက်ခံသင်ကြားနိုင်မည့် ကျောင်းသားဦးရေ၊ သင်ကြားမည့် ဘာသာရပ်များနှင့် ရည်ရွယ်ချက်များ၊ မူဝါဒများ၊ ဖွင့်လှစ်ဆောင်ရွက်ခဲ့မှုများအား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာများမှ သိရှိလိုသည်များကို မေးမြန်း၍ တာဝန်ရှိသူမှ ဖြေကြားဆွေးနွေးခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ဆက်လက်ပြီး ၂၀၂၄-၂၀၂၅ပ ညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ်ရှိ သင်ထောက်ကူပစ္စည်းများ အားကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)