Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ခန္တီးမြို့နယ်၌ အိမ်တွင်းမှုအတတ်ပညာ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်
May 10,2024
စစ်ကိုင်တိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခန္တီးခရိုင် လူမှုဝန်ထမ်းရုံးတို့ပူးပေါင်း၍ ပြည်သူများအား နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ မိမိတို့အိမ်တွင်းအသုံးပြုသည့် ဆပ်ပြာဆီကို ကိုယ်တိုင်ပြု လုပ်တတ်စေရန်၊ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးအဖြစ် ရောင်းချနိုင်ပြီး အိမ်တွင်းအပိုဝင်ငွေရရှိနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အိမ်တွင်းမှုအတတ်ပညာ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့ ပွင့်မာလာပန်းခြံ၌ လုံခြုံရေးနှင့်သန့်ရှင်းသာယာလှပရေးအတွက် LED မီးသီးများ အစားထိုးလဲလှယ်တပ်ဆင်ခြင်းများ ဆောင်ရွက်
May 10,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြည်သူများ စိတ်အပန်းဖြေနိုင်ရန် ဆောင်ရွက်ထားရှိသည့် ပွင့်ဖြူမြို့ ပွင့်မာလာပန်းဥယျာဉ်အား သန့်ရှင်းရေးနှင့် သာယာလှပစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို နေ့စဉ်လုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့်ပူးပေါင်းပြီး ပွင့်မာလာပန်းခြံအတွင်း လုံခြုံရေးအတွက် တပ်ဆင်ထားရှိသော လျှပ်စစ်မီးသီးများ အလင်းရောင်ကောင်းစွာ ရရှိစေရန် LED 50W မီးသီးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်း၊ လျှပ်စစ်မီးလိုင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ်တွင် ဝါသီးနှံ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာပေး ကွင်းသရုပ်ပြပွဲနှင့် လက်တွေ့ဆောင်ရွက်
May 10,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဝါသီးနှံဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ လိုက်ပါလျက် ရမည်းသင်းမြို့ ကတင်ရေးရွာ ကွင်းအမှတ် ၁၀၈၉၊ ဝါသီးနှံ စိုက်ဧက (၄၅၁)ဧက၌ ဝါသီးနှံ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး နည်းပညာပေး ကွင်းသရုပ်ပြပွဲနှင့် လက်တွေ့ဆောင်ရွက်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကတင်ကျေးရွာ ဝါစိုက်ကွင်းသို့ တက်ရောက်အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
May 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့်ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နိုင်ငံ့စီးပွားမြှင့်တင်ရေးရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) တ…
May 10,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘို ခရိုင်၊ ရေဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၄)ကျင်းပ
May 10,2024
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၄)ကို မေလ ၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ကွင်းဆင်းငှားရမ်းပေး
May 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဒေသခံပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ အားလပ်သည့် အချိန်များတွင် စာပေများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေး စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မီးသတ်ဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
May 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ၊ မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ် ကွက်များရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
8995
Page
8996
Page
8997
Page
8998
Current page
8999
Page
9000
Page
9001
Page
9002
Page
9003
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department