အမြို့မြို့အနယ်နယ်သတင်းများ

May 10,2024
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်း သိကောင်းစရာများကို ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက်  ယမန်နေ့က နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာ‌ပေးဟောပြောပွဲ  ဆောင်ရွက်ခဲ့သည်။
May 10,2024
ဧရာတဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြိုု့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များက ယမန်နေ့ နံနက်ပိုင်းတွင် မြစိမ်းရောင်ကျေးရွာအုပ်စုနှင့် နန်းတော်ဦးကျေးရွာအုပ်စုများသို့ သွားရောက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ဒုတိယအကြိမ် ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ တက်ရောက်မည့် သင်တန်းသားများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲကို မေလ (၈)ရက်နေ့ နေ့လယ်(၁)နာရီအချိန်က ဟုမ္မလင်းမြို့၊ လေတပ်စခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို မေလ (၉)ရက်နေ့ နံနက်(၉)နာရီ အချိန်က ဖျာပုံ​မြို့နယ်ပညာရေးမှူးရုံးရှေ့တွင်ပြုလုပ်သည်။
May 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေ စိုးမိုး ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက မိချောင်းတစ်ရာကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာရှိ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
May 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အားလပ်ချိန်တွင် လူငယ်လူရွယ်များ အချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူသုံးကုန် ဆပ်ပြာရည်နှင့် မှန်ကြည်ဆေးပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
May 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေများ လှူဒါန်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၆) ရပ်ကွက်၊ ဒိုက်ထူကျေးရွာရှိ အောင်မင်္ဂလာသိဒ္ဓိကျောင်းတိုက်တွင် လှူဒါန်းပေးခဲ့ကြသည်။
May 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမတွင် ယမန်နေ့ နေ့လယ် (၁) အချိန်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့်အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ စက်မှု၊ နည်းပညာဘာသာရပ်များအတွက် သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည့်အခမ်းအနားအား ကျင်းပခဲ့ရာ ဗိုလ်တထောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးကျော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာဒေါ်ခင်သူဇာစိန်၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည် ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအုပ် ဦးစောသက်ဇေအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။