နောင်ချိုမြို့နယ်ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်တွင် သာမဏေကျော်ပထမဆင့်အတန်း ပို့ချပေးလျက်ရှိ

နောင်ချို မေ ၁၀      

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် စိန်ရတနာပရိယတ္တိစာသင်တိုက်တွင် သာမဏေကျော် ပထမဆင့်အတန်းကို ယမန်နေ့က စတင်သင်ကြားပေးလျက်ရှိသည်။    

သာမဏေကျော်ပထမဆင့်အတန်းကို စာချဆရာတော်များဖြစ်သည့် ဦးအဝေရာနန္ဒ၊ ဦးပညာဓဇ၊ ဦးအင်္ကုရတို့က သင်ကြားပို့ချပေးလျက်ရှိပြီး နောင်ချိုမြို့နယ်အတွင်းရှိ အခြားကျောင်းများမှ သာမဏေကျော်စာမေးပွဲ​ ဝင်ရောက်ဖြေဆိုလိုသည့် သာမဏေများလည်း တက်ရောက်နိုင်ကြောင်း ဆရာတော်ထံမှ သိရသည်။

ထွေးငယ်၊ ပြန်/ဆက်