Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ထန်းတပင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
May 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့်တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မေလ(၉)ရက်နေ့က လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းကျင်းပ
May 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီကအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ "ဟင်္သာ"ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်၌ ရှေ့ဦးသူနာပြုစုခြင်း အခြေခံသင်တန်း(၁/၂၀၂၄)ဖွင့်လှစ်
May 11,2024
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အချိန်အခါမရွေး လူမှုဂရုဏာလုပ်ငန်းများကို ကိုယ်တိုင်ဦးဆောင်ပါဝင်လာပြီး စွမ်းရည်ပြည့်ဝသည့် ကျွမ်းကျင်သောရှေ့ဦးပြုစုသူ ကြက်ခြေနီလူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ မရမ်းကုန်းမြို့နယ်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ရှေ့ဦးသူနာပြုစုခြင်း အခြေခံသင်တန်း(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့
May 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကုန်းကော်ကျေးရွာ၊ တင်ထပ်ကျေးရွာနှင့် နောင်ယာဆိုင်း (ခ) ဝမ်ကျောင်းကျေးရွာတို့တွင် မေလ ၈ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများကို ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာဝန်ရှိသူများက ယနေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ မုံရွာဘိုးဘွားရိပ်သာ၊ ရွှေရောင်ဆည်းဆာဘိုးဘွားရိပ်သာ ရောင်ခြည်သစ်မျက်မမြင်ပရဟိတနှင့် သလ္လာလူငယ်သင်တန်းကျောင…
May 11,2024
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် မုံရွာမြို့ရှိ မုံရွာ ဘိုးဘွားရိပ်သာ၊ ရွှေရောင်ဆည်းဆာဘိုးဘွားရိပ်သာ၊ ရောင်ခြည်သစ်မျက်မမြင်ပရဟိတနှင့် သလ္လာလူငယ် သင်တန်းကျောင်းတို့မှ ကော်မတီဝင်များ၊ ဘိုးဘွားများနှင့် ပရဟိတကျောင်းမှ ကလေးများ၊ မသန်စွမ်းသူများတို့အား ယမန်နေ့နံနက် ၁၀ နာရီက သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်၌ လေဘေးသင့်ပြည်သူများအား ကျေးရွာအရောက် သွားရောက်ထောက်ပံ့
May 11,2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ရုံးမှ တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ဘုရားငူအုပ်စု၊ သရက်ကုန်းကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျေးရွာအရောက်သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်၌ အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
May 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ လူဝင်မှုကြီကြပ်ရေးမှူး ဦးကျော်ထိုက် ဦးဆောင်သည့်အဖွဲ့က အမှတ်(၇)ရပ်ကွက်အတွင်းနေထိုင်ကြသော ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်တစ်မျိုးမျိုးရရှိနိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့တွင် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများအတွက် စက်မှုနည်းပညာဘာသာရပ်များနှင့်ပတ်သက်၍ သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်မျာ…
May 11,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်၌ ဖွင့်လှစ်မည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်း အ.ထ.က(၄)မင်္ဂလာဒုံ၊ အ.ထ.က(ဖားကူး)၊ အ.ထ.က(သာကေတ)၊ အ.ထ.က(သုဝဏ္ဏ)၊ အ.ထ.က(၆) မြောက်ဥက္ကလာနှင့်၊ အ.ထ.က(တိုက်ကြီး)တို့အတွက် စက်မှုနည်းပညာဘာသာရပ်များနှင့်ပတ်သက်၍သင်ကြားသင်ယူမှုနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်မည့် အခြေအနေများ ရှင်းလင်းဆွေးနွေးပွဲကို မေလ(၄) ရက်နေ့မှ (၁၀)ရက်နေ့အထိ အဆိုပါကျောင်းများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
8989
Page
8990
Page
8991
Page
8992
Current page
8993
Page
8994
Page
8995
Page
8996
Page
8997
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department