တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ  မုံရွာဘိုးဘွားရိပ်သာ၊ ရွှေရောင်ဆည်းဆာဘိုးဘွားရိပ်သာ ရောင်ခြည်သစ်မျက်မမြင်ပရဟိတနှင့် သလ္လာလူငယ်သင်တန်းကျောင်းတို့ရှိ တာဝန်ရှိသူများ အဘိုးအဘွားများနှင့် တွေ့ဆုံ

မုံရွာ မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည်  မုံရွာမြို့ရှိ မုံရွာ ဘိုးဘွားရိပ်သာ၊ ရွှေရောင်ဆည်းဆာဘိုးဘွားရိပ်သာ၊ ရောင်ခြည်သစ်မျက်မမြင်ပရဟိတနှင့် သလ္လာလူငယ် သင်တန်းကျောင်းတို့မှ ကော်မတီဝင်များ၊ ဘိုးဘွားများနှင့် ပရဟိတကျောင်းမှ ကလေးများ၊ မသန်စွမ်းသူများတို့အား  ယမန်နေ့နံနက် ၁၀ နာရီက သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် တိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများ၊ လူငယ်ဖွံ့ဖြိုးရေးမှ ကလေးများ၊ မသန်စွမ်းသူများ၏ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ စားသောက်ရေးနှင့် နေရာထိုင်ခင်းဆောင်ရွက်ဆောင်ရွက် ထားရှိမှုများ၊ ရိပ်သာရေရှည်ရပ်တည်နိုင်ရေးဆောင်ရွက်ထားရှိနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဆွေးနွေးပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးအားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)