မိုးညိုမြို့နယ်၌ လေဘေးသင့်ပြည်သူများအား‌ ကျေးရွာအရောက် သွားရောက်ထောက်ပံ့

မိုးညို မေ ၁၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ရုံးမှ တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ဘုရားငူအုပ်စု၊ သရက်ကုန်းကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျေးရွာအရောက်သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မေလ ၉ ရက်နေ့တွင် သရက်ကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲပျက်စီး‌နေအိမ် (၄) လုံးနှင့် အမိုးလန်နေအိမ် (၁၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၅၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁၅) စုရှိ လူဦးရေ (၆၉) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၄၄၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၉၄၉၀၀/-) ကျပ်နှင့် ပြိုလဲ‌နေအိမ် (၄) လုံးအတွက် ထောက်ပံ့ရေးပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံး) အပါ (၄) အိမ်ထောင်စုစာ တန်ဖိုးငွေ (၁၈၄၁၄၄/-) ကျပ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်‌ရေးမှူး၊ စာရေးဝန်ထမ်းတို့နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာသို့သွားရောက်၍ လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)