မရမ်းကုန်း မေ ၁၁
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အချိန်အခါမရွေး လူမှုဂရုဏာလုပ်ငန်းများကို ကိုယ်တိုင်ဦးဆောင်ပါဝင်လာပြီး စွမ်းရည်ပြည့်ဝသည့်ကျွမ်းကျင်သော ရှေ့ဦးပြုစုသူကြက်ခြေနီလူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ မရမ်းကုန်းမြို့နယ်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ရှေ့ဦးသူနာပြုစုခြင်း အခြေခံသင်တန်း(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မရမ်းကုန်းခရိုင် ကြက်ခြေနီဥက္ကဋ္ဌ ဦးတင်ကြိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား(၂၀) ဦး၊ သင်တန်းသူ(၁၅)ဦး စုစုပေါင်း(၃၅)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ၁၀-၅-၂၀၂၄ နေ့မှ ၁၂-၅-၂၀၂၄ နေ့ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)