ကမာရွတ်မြို့နယ်၌ အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန် မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ လူဝင်မှုကြီကြပ်​ရေးမှူး ဦး​ကျော်ထိုက် ဦးဆောင်သည့်အဖွဲ့က အမှတ်(၇)ရပ်ကွက်အတွင်းနေထိုင်ကြသော ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်တစ်မျိုးမျိုးရရှိနိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်​​နေ့တွင် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ပန်းခင်းစီမံချက်(၃) အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကမာရွတ်မြို့နယ် လဝကရုံးအနေဖြင့် မြို့နယ်အတွင်းရှိပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်အဆင့်(၁)နှင့်(၂)တို့တွင် ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့နယ်အတွင်းနေ ပြည်သူများအတွက် ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်