အမြို့မြို့အနယ်နယ်သတင်းများ

May 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပူပြင်းခြောက်သွေ့သောနွေရာသီ၌ သောက်သုံးရေခက်ခဲသည့် ရပ်ကွက်၊ ကျေးရွာများသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ဧရာဝတီရေတပ်စခန်းဌာနချုပ်တို့မှ သောက်သုံးရေများကို ယမန်နေ့နံနက်(၉) နာရီအချိန်က လှူဒါန်းခဲ့ကြသည်။
May 11,2024
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့တွင် ပြည်သူများစိတ်​အေးချမ်းသာစွာ​နေထိုင် သွားလာနိုင်​ရေးအတွက် လူထုအကျိုးပြုလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၇) နာရီအချိန် အမှတ်(၅)အ​​ခြေခံပညာအထက်တန်း​ကျောင်းတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ပညာ​ရေးဝန်ထမ်းများက မြက်ပင်နှင့်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း​နှင့် ရေစီး​ရေလာ​ကောင်းမွန်​ရေး သန့်ရှင်းရေးဆောင်ရွက်ခြင်းများကိုစုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
May 11,2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲတွင် မြစ်ကြီးနားမြို့ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာအခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းအဖွဲ့အစည်းများမှ (၅၈၀) ဦး တက်ရောက်ကြသည်။
May 11,2024
မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်ရေး အသိပညာများကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ညနေပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်း၊ ဝန်ထမ်းများအားအသိပညာပေးဟောပြောမှုနှင့်အတူ မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(အင်းတော်)၊ ကျောင်းဝင်းအတွင်းကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့ နံနက် ၇ နာရီအချိန်က အင်းတော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းကော်မတီများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
May 11,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြည်ထောင်သမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့်သာသနာတော်ဆိုင်ရာ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ရွှေဘုံသာကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိသုတသာရမထေရ်မြတ်အား ဂုဏဝိသိဌထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက် (၈) နာရီက ရွှေဘုံသာကျောင်းတိုက်၌ ကျင်းပခဲ့ရာအပူဇော် ဆရာတော်ကြွရောက်လာစဉ် တေးသံရှင်မေသက်ထားဆွေက ထူးမခြားနားသီချင်းသီးဆို ပူဇော်ပေးခဲ့သည်။
May 10,2024
အပူချိန်မြင့်မားမှုကြောင့် ရေရှားပါးမှုနှင့်ကြုံတွေ့နေရသည့် မွန်ပြည်နယ်အတွင်းမှ မြို့နယ်အသီးသီးတို့ရှိ ပြည်သူများထံ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၏ ကြီကြပ်မှုဖြင့် ဝန်ထမ်းများမှ ယမန်နေ့က သောက်သုံးရေများ လိုက်လံ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။