ကျိုင်းတုံမြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့

ကျိုင်းတုံ မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကုန်းကော်ကျေးရွာ၊ တင်ထပ်ကျေးရွာနှင့် နောင်ယာဆိုင်း (ခ) ဝမ်ကျောင်းကျေးရွာတို့တွင် မေလ ၈ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများကို ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာဝန်ရှိသူများက ယနေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့သည်။

ထိုသို့ ထောက်ပံ့ရာတွင် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကတ်ထိုက်ကျေးရွာအုပ်စု၊ ကုန်းကော်ကျေးရွာနှင့် နောင်ယာဆိုင်း(ခ) ဝမ်ကျောင်း ကျေးရွာများမှ လေဘေးသင့်ခဲ့သည့် နေအိမ် (၁၄) လုံးမှ အိမ်ထာင်စု (၁၄) စု၊ လူဦးရေ (၆၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)