ချောင်းဆုံ မေ ၁၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် သောက်သုံးရေများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးသော ကျေးရွာများအရောက် သောက်သုံးရေများ နေ့စဉ်ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့က ပင်လယ်ကမ်းခြေကျေးရွာဖြစ်သည့် ဇီးကုန်းကျေးရွာသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ဇီးကုန်းကျေးရွာသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရေသယ်ယာဉ် (၂)စီးဖြင့် သောက်သုံးရေ (၃၂၀၀)ဂါလံ ဖြန့်ဝေပေးခဲ့ကြောင်း၊ ဧပြီလမှစတင်ကာ မြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသော ကျေးရွာများရှိ ရေလှောင်ကန်များနှင့် နေအိမ်များအရောက် သောက်သုံးရေများ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)