မင်္ဂလာဒုံ မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဝန်ထမ်းများလိုက်ပါလျက် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုရှိ မိဘမဲ့ဂေဟာများသို့ ယမန်နေ့ မွန်းလွဲပိုင်းက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အဆိုပါကျေးရွာအုပ်စုရှိ မိဘမဲ့ဂေဟာများဖြစ်သည့် မုံညှင်းစေ့ဂေဟာနှင့် ဂရုဏာဂေဟာတို့မှ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြားနှင့် အသက် ၁၈ နှစ်အထက် ပြည့်ပြီးသူ တိုင်းရင်းသားကလေးငယ်များအတွက် သက်ဆိုင်ရာဂေဟာ အသီးသီး၌ မြိုနယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဝန်ထမ်းများက လက်ဝယ်အရောက် အိမ်ထောင်စုစာရင်းနှစ်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၂၉)ဦး၊ မ(၂၁)ဦး စုစုပေါင်း(၅၀)တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း