နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး ပျဉ်းမနားမြို့အတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့မိမြို့ဖများ၊ စီးပွား​ရေးလုပ်ငန်းရှင်များ၊ တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော် မေ ၁၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်သာယာလှပရေးနှင့် ရေလယ်ဘုရားကျောင်းဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးသန်းထွန်းဦးက ရေကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပစေရေး အမြဲမပြတ်ဆောင်ရွက်ရန်၊ အရိပ်ရပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးရန်၊ ကန်တော်မင်္ဂလာရှမ်းကန် စနစ်တကျရှိစေရေး၊ မြို့နယ်အတွင်း အမှိုက်ကင်စင်စေရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်ရေး၊ ရပ်ကွက်ကျေးရွာများတွင် စာကြည့်တိုက်များ ရှင်သန်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပျဉ်းမနားမြို့ မြို့မိမြို့ဖများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့ အမှတ်(၈၅)တံတားအနီး ငလိုက်ချောင်းတစ်လျှောက် သာယာလှပ​ရေးလုပ်ငန်း​ဆောင်ရွက်ထားရှိမှုအ​ခြေအ​နေများကို သွား​ရောက်ကြည့်ရှုစစ်​ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက ငလိုက်​ချောင်း​ရေစီးဆင်းမှုမှန်ကန်ပြီး ကမ်းထိန်းနံရံများ၊ တံတားများ မထိခိုက်​စေ​ရေးကို အလေးထားဆောင်ရွက်ရန်၊  အရိပ်ရပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးထားရှိရန်၊ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ရေရှည်ထိန်းသိမ်းဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်ကျေးရွာရှိ ရွှေပြည်စိုးဆန်စက်သို့ သွားရောက်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်ကို Green City, Clean City, Smart City အဖြစ် ဆောင်ရွက်နေလျက်ရှိရာ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းအပ်နှံရေးအတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိကျေးရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် အမြဲစိမ်းသစ်ပင်များ၊ နှစ်ရည်ပင်များစိုက်ပျိုးရေး၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရေးနှင့် သန့်ရှင်းသာယာလှပရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်ပါက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်နိုင်မှာဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်း မပြုလုပ်ဘဲ ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးရေးတို့ကို အလေးထားစိုက်ပျိုးစေလိုကြောင်း၊ ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသဖြင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းပြည့်ဝစွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်အောင် စနစ်တကျဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး၊ ပြည်ပပို့ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်ကို Green City, Clean City, Smart City အဖြစ် ဆောင်ရွက်နေလျက်ရှိရာ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်စေရေးနှင့် ပရိဘောဂများ ပြည့်စုံကောင်းမွန်စေရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျောင်းစာကြည့်တိုက်နှင့် ကျေးရွာစာကြည့်တိုက်များကို ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရွှေပြည်စိုးဆန်စက်ပိုင်ရှင် ဦးခွန်​တေဇဟနက ဆန်စက်လည်ပတ်နေမှုအခြေအနေများ နှင့် စပါးအခြောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တောင်သူများက လက်ရှိလယ်ယာစိုက်ပျိုးနေမှုအခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ မြို့မိမြိုဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဆိုသည့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ထုတ်ကုန်များကို စီမံကိန်းလျာထားချက်များ ပြည့်မီစေရေးအတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသဖြင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းပြည့်ဝစွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်အောင် စနစ်တကျဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး၊ ပြည်ပပို့ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်ကို Green City, Clean City, Smart City အဖြစ် ဆောင်ရွက်နေလျက်ရှိရာ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်စေရေးနှင့် ပရိဘောဂများ ပြည့်စုံကောင်းမွန်စေရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျောင်းစာကြည့်တိုက်နှင့် ကျေးရွာစာကြည့်တိုက်များကို ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ မြို့နယ်အတွင်း စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်စွန့်ပစ်ရာတွင် စနစ်တကျဖြစ်​စေ​ရေး၊ ​ကျေးရွာများအလိုက်စံပြဖြစ်​အောင် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပျဉ်းမနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက မြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအခြေအနေနှင့် လိုအပ်ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးခြံသို့ရောက်ရှိပြီး စိုက်ပျိုးရေးခြံတွင် ပျဉ်းမနားမြို့နယ်အရှေ့ခြမ်း တောင်ပေါ်ကျေးရွာများသို့ ဖြန့်ဖြူးမည့် ဒူးရင်း၊ ကြက်မောက်၊ ထောပတ်၊ ကုန်းမြင့်ကော်ဖီနှင့် မြေနိမ့်ကော်ဖီပျိုးပင်များ ပျိုးထောင်ထားမှုအခြေအနေများနှင့် သီးနှံမျိုးစေ့များကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)