ကော့ကရိတ်မြို့တွင် ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ကော့ကရိတ် မေ ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အကြမ်းဖက်​သောင်းကျန်းသူများသည် ရပ်ကွက်/​ကျေးရွာများသို့ အတင်းအဓမ္မဝင်​ရောက်ပြီး တိုက်ပွဲ​ဖော်​ဆောင်ခဲ့သည်အတွက် ဒေသခံပြည်သူများသည် ဘေးလွတ်ရာဒေသများသို့ ယာယီပြောင်းရွေ့နေထိုင်ခဲ့ကြရာမှ ယခုအခါ နယ်မြေအေးချမ်းတည်ငြိမ်လာပြီဖြစ်သည့်အတွက် မြို့တွင်းသို့ နေစဥ်ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ၄င်းပြည်သူများ နေထိုင်မှုနှင့် လျှပ်စစ်မီးများ အဆင်ပြေသုံးစွဲနိုင်ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ လျှပ်စစ်ဓတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓါတ်မီးတိုင်နှင့် လျှပ်စစ်ကြိုးများ  ရှင်းလင်းသွယ်တန်းခြင်းတိုကို နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယ​မန်နေ့နံနက်ပိုင်းတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်​ဇော်၊ ကေ့ာကရိတ်ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်း​ဝေ၊ ခရိုင်ရဲရုံးမှ ဒုရဲမှူးကြီး မင်းခန့်တို့သည် အမှတ် ()ရပ်ကွက်ရှိ အ.ထ.က() ကျောင်းဝင်းတွင်တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ စု​ပေါင်း​သန့်ရှင်း​ရေးဆောင်ရွက်ခြင်းနှင့် ပြည်သူ့​ဆေးရုံသို့​ ရောက်ရှိ​နေသည့် ဆရာဝန်/ဆရာမ များအား စား​သောက်ကုန်ပစ္စည်းများ ​ထောက်ပံ့ပေးအပ်ခြင်း၊ ​ဆေးရုံသို့တက်​ရောက်ကုသ​နေသည့် လူနာများအား လှည့်လည်ကြည့်ရှု့၍ လိုအပ်သည်များကို  ​ဆွေး​နွေးခဲ့ကြသည်။

ထို​နောက် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်း​ဝေနှင့် တာဝန်ရှိသူများသည် အမှတ်()ရပ်ကွက် ​တောင်​ပေါ်​ကျောင်းတိုက်ရှိ လက်နက်ကြီးထိမှန်မှု​ကြောင့် ပျက်စီးနေသည့်​ကျောင်း​ဆောင်အမိုးများ ပြုပြင်​​​ဆောင်ရွက်​နေမှု၊ ဇိနသုခ​လောကသရဖူ​စေတီတော်ဝန်းအတွင်းတွင် ​ပြန်လည်ဝင်ရောက်လာကြသည့် စစ်​ဘေးရှောင်ပြည်သူများအတွက် ယင်လုံအိမ်သာ​ဆောက်လုပ်​နေမှု၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများမှ ​ပြန်လည်ဝင်ရောက်လာသည့် စစ်ဘေးရှောင်အိမ်ထောင်စုစာရင်းများ ​ကောက်ယူခြင်း၊ ကယ်ဆယ်​ရေးပစ္စည်းများ​ထောက်ပံ့ပေး​​မှုနှင့် မြို့မ​စျေးတွင် စား​သောက်ကုန်များ ​ရောင်းချ​နေမှုအ​ခြေ​အ​နေတို့ကို ကြည့်ရှု့စစ်​ဆေးခဲ့​ပြီး လိုအပ်သည်များကို ​တာဝန်ရှိသူများနှင့် ဆွေး​နွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)