အောင်လံမြို့နယ်မြို့မိကျေးရွာ၌မီးလောင်မှုဖြစ်ပွား

အောင်လံ မေ ၁၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် မြို့မိကျေးရွာအုပ်စု မြို့မိကျေးရွာ၌ ယမန်နေ့ ညနေ(၄)နာရီ(၄၅)မိနစ်အချိန် တောမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ရွှေပန်းတောနယ်မြေ မီးသတ်စခန်းမှ Sino Truk မီးသတ်ရေသည်ယာဉ်(၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ စုစုပေါင်း(၁၃)ဦးနှင့် ဒေသခံပြည်သူများမှဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မျိုးသိန်း(ပြန်/ဆက်)