ကလော မေ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ရှမ်းပြည်နယ်ပညာရေးမှူး၊ ကလောခရိုင်ပညာရေးမှူးတို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၂၄ ခုနှစ် မြို့နယ်အဆင့် လူငယ်ကင်းထောက်သင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းဆီက လူငယ်ကင်းထောက်သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စီမံချက်များ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် သင်တန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများက သင်တန်းတွင်လိုအပ်သော သင်ထောက်ကူပစ္စည်းများ၊ သင်တန်းအတွက်ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့သည်။
မြို့နယ်အဆင့် လူငယ်ကင်းထောက်သင်တန်းကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် Grade 6 အသက် ၁၁ နှစ်နှင့်အထက် ဆဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ ၄၀ ဦး၊ ပြည်နယ်အဆင့်ကင်းထောက်နည်းပြ ၆ ဦး၊ အုပ်ချုပ်မှုရုံးအဖွဲ့ ၃ ဦးတို့ဖြင့် သင်တန်းကာလ ၁၃-၅-၂၀၂၄ ရက်နေ့မှ ၁၆-၅-၂၀၂၄ အထိ (၄)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)