ဓနုဖြူ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေ ရေဂါလံ (၁၂၀၀)အား ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁၃)ရပ်ကွက်ရှိ ရတနာစန်းကျောင်းပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနောင်နောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၆)ဦးတို့မှ တီအီးရေသယ်ယာဥ်ဖြင့် သောက်သုံးရေ ရေဂါလံ ၁၂၀၀ အား အခမဲ့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)