နောင်ချို မေ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းမှဆေးကုသရန် လိုအပ်၍ အကူအညီတောင်းခံလာသော လူနာများအား လိုအပ်သည့်နေရာများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သဖန်းကိုင်းပရဟိတအသင်းကို သဖန်းကိုင်းဆရာတော်မှ အနီးကပ်ကြီးကြပ်ပေးလျက်ရှိပြီး အာယုဒါန(အခမဲ့)ဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကာ လူမျိုးဘာသာမရွေး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း၌ ဆေးကုသရန်လိုအပ်၍ အကူအညီတောင်းခံလာသူများအား ဆေးကုသပေးခြင်း၊ ဆေးရုံပေးပို့ရန်လိုအပ်သူများအား သွားရောက်ရန် လိုအပ်သည့် နောင်ချိုဆေးရုံ၊ ပြင်ဦးလွင်ဆေးရုံနှင့် ပုဂ္ဂလိကဆေးခန်းများအား အခမဲ့ပေးပို့ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)