မဟာအောင်မြေ မေ ၁၂
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးနှင့် ဖီးနစ် (တိုက်ကွမ်ဒို) ကလပ်တို့ ပူးပေါင်းကျင်းသည့် နွေရာသီချစ်ကြည်ရေးဖလား ဖိတ်ခေါ် (တိုက်ကွမ်ဒို) ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက စိန်ပန်းအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (တိုက်ကွမ်ဒို) ပြိုင်ပွဲအား မန္တလေးမြို့ပေါ်ရှိ ကလပ်ပေါင်းစုံမှ အားကစားသမားများနှင့် (တိုက်ကွမ်ဒို)ဝါသနာရှင်များ အား ဝိတ်တန်းအလိုက်ပါဝင်ယှဉ်ပြိုင်ကစား ခွင့်ပြုခဲ့ပြီး တက်သစ်စ လူငယ်အားကစားသမားများအနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက် လာစေရန်၊ စည်းလုံးညီညွတ်စွာ ကစားတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်စေရန် ရည်ရွယ်၍ အားကစားပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။
နွေရာသီ ချစ်ကြည်ရေးဖလား ဖိတ်ခေါ်တိုက်ကွမ်ဒိုပြိုင်ပွဲကို အားကစားဝါသနာရှင်လူငယ်များ၊ ရပ်ကွက်သူရပ်ကွက်သားများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး (ပထမ၊ ဒုတိယ၊ တတိယ) ဆုရအသင်းများကိုလည်း မြို့နယ်အားကစားမှူး ဦးရှီးမွန်နှင့် မြို့နယ်တိုက်ကွမ်ဒို ဆရာ၊ ဆရာမ များက ဆုများအသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း