ပန်းတောင်း မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာသည့်အလေ့အကျင့်ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၉) နာရီအချိန်က စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းနုနွယ်က စာပေဖတ်ရှုလေ့လာခြင်းဖြင့်ရရှိနိုင်သောအကျိုးကျေးဇူးများ၊ လျှပ်စီးလက်ခြင်းနှင့်မိုးကြိုးပစ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်ပေးရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်စာအုပ်စာစောင်များ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲသို့ အ.မ.က (လွန်) ဝန်လိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၉)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)