တောင်ငူ မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Commnity Centre)ခန်းမ၌ နိုင်ငံ့ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း (၂/၂၀၂၄)ကို ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်သည်။
ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းမျဉ်း၊စည်းကမ်းများကိုရှင်းလင်းပြောကြားပြီး သင်တန်းအားဖွင့်လှစ်သည်။ ဆက်လက်၍ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ရုံးလုပ်ငန်းစစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းဘာသာရပ်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သော်ဇင်အောင်က အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်းဘာသာရပ်တို့ကို သင်ကြားပို့ချသည်။
အဆိုပါ သင်တန်းအား မေလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး တောင်ငူခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှုထမ်း(၁၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)