မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းအပ်နှံ‌ရေးသီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲ ပြုလုပ်

မင်္ဂလာဒုံ မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံနိုင်ရေး သီတင်းပတ်‌မြေစိုက်ဆိုင်းဘုတ်စိုက်ထူပွဲကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူခြင်းကို ကျောင်းအုပ်ဆရာမကြီးဒေါ်အေးမြတ်မွန်နှင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် ဦးနေဆန်းဦးဆောင်၍ ဆရာ၊ ဆရာမများ၊ မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက ကျောင်းအပ်နှံနိုင်ရေး သီတင်းပတ်‌မြေစိုက်ပိုစတာဆိုင်းဘုတ် စိုက်ထူခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်မှာ မေလ (၂၃) ရက်နေ့မှ ဇွန်လ (၂) ရက်နေ့အထိဖြစ်ပြီး၊ “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီမိဘများက ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံမည့်ရက်ကို အချိန်မှီသိရှိနိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများ၊ ဆရာ၊ ဆရာမများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်ရည်ရွယ်၍ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူရခြင်းဖြစ်ကြောင်း သိရသည်။

ဌေးလင်း(မင်္ဂလာဒုံ)