မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပျော်ဘွယ်မြို့နယ်အတွင်းရှိ နွေစပါး စိုက်ပျိုးမှု၊ ဥစားကြက် မွေးမြူမှု၊ နွားမွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေး

ပျော်ဘွယ် မေ ၁၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့သည် ပျော်ဘွယ်မြို့နယ်၊ ဆားတောင်ကျေးရွာတွင် နွေစပါးစိုက်ပျိုးမှုအား ကြည့်ရှုအားပေးခြင်း၊ ကင်းတားကျေးရွာရှိ ဥစားကြက် မွေးမြူရေးနှင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများအား ယနေ့ နံနက် (၁၀) နာရီ က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆားတောင်ကျေးရွာ၊ ကွင်းအမှတ် (၃၈၇) တွင် ချောင်းမကြီးဆည်ရေသောက်စနစ်ဖြင့် နွေစပါး စိုက်ပျိုးထားမှု အခြေအနေကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ရေရရှိမှု၊ စိုက်ပျိုးရေးသွင်းအားစု စသည့် လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းသွားနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကင်းတားကျေးရွာ၊ ဇီဝကမွေးမြူရေးခြံသို့ ရောက်ရှိကာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့် စနစ်တကျ ဥစားကြက် မွေးမြူထားမှု အခြေအနေများ၊ နို့စားနွားမွေးမြူထားသည့် အခြေအနေများကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်၏ ရည်မှန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)