သနပ်ပင် မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းထက်က ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရည်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းထက်က ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ် (ဧပြီလမှမတ်လ)အထိ ဒေသန္တရစီမံကိန်းရည်မှန်းချက်များဖြစ်သည့်စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ လယ်ယာကဏ္ဍကြီးအပါအဝင် စက်မှုကဏ္ဍကြီး၊ စည်ပင်သာယာရေးကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးတို့၏ စီမံကိန်းတာဝန်ပေးအပ်လွှာများကို သက်ဆိုင်ရာဌာနအကြီးအကဲများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ညိုပြာ (ပြန်/ဆက်)