ဒိုက်ဦး မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်းကုသခြင်းကို (၁၃.၅.၂၀၂၄) မှ (၁၄.၅.၂၀၂၄) ရက်နေ့အထိ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနရုံးဝန်းတွင် အခမဲ့ဆေးကုသခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်မှုများကို လူမှူဖူလုံရေးအဖွဲ့ရုံးချုပ်(နေပြည်တော်) အစီအစဥ်ဖြင့် THUKHA MINGALAR Medical & Diagnostic Center မှဆရာဝန်(၂) ဦးအပါအဝင် ဝန်ထမ်း ၁၃ ဦးနှင့် ဒိုက်ဦးမြို့နယ် လူမှုဖူလုံရေးရုံးခွဲမှရုံးခွဲတာဝန်ခံဦးစီးအရာရှိ ဒေါ်စန္ဒာဌေးနှင့်ဝန်ထမ်းများပူးပေါင်း၍ ဒိုက်ဦးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီများရှိ အာမခံအလုပ်သမားများအားအခမဲ့ ECG စစ်ဆေးပေးခြင်း၊ ဓါတ်ခွဲစမ်းသပ်ပေးခြင်းနှင့် အခြားကျန်းမာရေးစစ်ဆေးခြင်းများကိုပြုလုပ်ပေးပြီး လိုအပ်သောဆေးဝါးများကိုလည်း ထောက်ပံ့ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)