အမြို့မြို့အနယ်နယ်သတင်းများ

May 31,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံသည့်နေ့မှစ၍ မေလ ၂၉ ရက်နေ့အထိ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ (၂၃၆၈) ဦးရှိကြောင်း အ.ထ.က နောင်တရားကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
May 31,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ‌ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း/အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။
May 31,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ရာ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီး မြင့်မောင်မောင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေနှင့် အဖွဲ့ဝင်များ၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/သူလေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
May 31,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးကြမည့် လူထုဖြန့်ဝေပျိုးပင်ပေါင်း (၁၇၀၀၀) ပင်ကို မြို့မသစ်တောပျိုးဥယျာဉ်ခြံတွင် ပျိုးထောင်ထားလျက်ရှိကြောင်း သိရသည်။
May 31,2024
ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ သတ်မှတ်ဆောင်ရွက်ထားရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် မြို့ပေါ် ကျောင်းများ၏ သူငယ်တန်း (KG တန်း) မှ ဒွါဒဿမတန်း (G-12)အထိ ကျောင်းအပ်နှံမှု အခြေအနေများအား ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းချစ်အေး၊ မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီအချိန်၌ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
May 31,2024
"ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
May 31,2024
ကချင်ပြည်နယ် ပူတာအိုခရိုင်နှင့် ချီဖွေခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ဧရာဝတီ မြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာရှိသည့်အနက် ယမန်နေ့ နံနက် အစောပိုင်းတွင် အမြင့်ဆုံး (၁၀၃၁) စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် မြို့ပေါ်မြေနိမ့်သည့် ရပ်ကွက်များတွင် ရေဝင်ရောက်မှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
May 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပြည်သူ့ဆေးရုံဝန်ထမ်း သားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၊ ၅×၆ ဦးပြုံးချိုလမ်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ စုဝေးခန်းမ၌ ကျင်းပခဲ့သည်။