ခန္တီးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ခန္တီး မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ရာ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီး မြင့်မောင်မောင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေနှင့် အဖွဲ့ဝင်များ၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/သူလေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီး မြင့်မောင်မောင်က အဖွင့်အမှာစကားပြောကြားကာ ခန္တီးမြို့နယ်ပညာရေးမှူး ဦးဝင်းလွင်ဦးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံ ခြင်း ဆောင်ရွက်နေမှုများနှင့် ခန္တီးမြို့နယ်အတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း စုစုပေါင်း (၉၁) ကျောင်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်ကြသည့် ဌာနဆိုင်ရာအကြီးအကဲများက ကျောင်းသုံးဗလာစာအုပ်များအား ကျောင်းသား/သူလေးကို အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများထံသို့ ပေးအပ်ခဲ့ရာ ကျောင်းသားမိဘများကိုယ်စား အ.ထ.က (ခန္တီး)၊ ကျောင်းအကျိုးတော်ဆောင် ဦးအောင်ကျော်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)