အမြို့မြို့အနယ်နယ်သတင်းများ

May 31,2024
"ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ”ဟူသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ကြားနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင်၊ ကျောင်းအပ်နှံရေးလုပ်ငန်းများ ကိုလက်ခံဆောင်ရွက်ပေးလျက်ရှိရာ မေလ ၃၀ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၇၅၅၅)ဦး ကျောင်းအပ်နှံပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
May 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် တိုင်းဒေသကြီးအဆင့် (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဝင်မည့် ကျောင်းသား၊ ကျောင်းသူများ အစမ်းလေ့ကျင့်နေမူအား ယနေ့မွန်းလွဲ ၂ နာရီတွင် ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဇော်ဝမ်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကြည့်ရူ့အားပေးခဲ့ကြသည်။
May 31,2024
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောက်လုပ်သော မော်လမြိုင်လူငယ်သင်တန်းကျောင်း ကျောင်းသားအိပ်ဆောင် RC(၁)ထပ် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယ​မန်နေ့နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ စမ်းကြီးရပ်၊ မော်လမြိုင်လူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
May 31,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လွန်ချီစံပြကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
May 31,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးမြေစိုက်ပိုစတာ(Bill Board)စိုက်ထူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက လူစည်ကားသည့်နေရာများတွင် စိုက်ထူခဲ့ကြောင်း သိရသည်။      
May 31,2024
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်အဆင့် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အ.ထ.က ပုသိမ်ကြီး အောင်ဇမ္ဗူခန်းမဆောင်၌ ကျင်းပခဲ့သည်။
May 31,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်ကျောင်း ပေလေးပင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 31,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာရှိ အခြေခံပညာဦးစီးဌာန၊ စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်းသို့ ယမန်နေ့နံနက် ၁၀ နာရီက ရောက်ရှိကာ အခြေခံပညာဦးစီးဌာန၊ စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။